ပေါက်ခေါင်းမြို့နယ်၌ ဖီးကြမ်းငှက်ပျောသီးကို စီးပွါးဖြစ်တိုးချဲ့စိုက်ပျိုးလာ

ပေါက်ခေါင်း အောက်တိုဘာ ၁၇

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်ရှိ ရပ်ကွက်ကျေးရွာများတွင် စပါး၊ ပြောင်းနှင့် သီးနှံမျိုးစုံကို ရာသီအချိန်အလိုက်စိုက်ပျိုးထုတ်လုပ်ကြရာတွင် ငှက်ပျောစိုက်ပျိုးခြင်းသည်လည်း အခြားသီးနှံများကဲ့သို့ ဈေးကွက်ဝင်တွက်ခြေကိုက်သဖြင့် တိုးချဲ့စိုက်ပျိုးလာကြောင်း သိရသည်။

"ငှက်ပျောကို တစ်ဧကနီးပါးစိုက်ထားတာပါတယ် ဖီးကြမ်းငှက်ပျောမျိုးပေါ့၊ ငှက်ပျောပင်က အခြားသီးနှံတွေထက်စာရင် စိုက်ပျိုးထုတ်လုပ်စရိတ် ကုန်ကျမှုနည်းတယ် အမြတ်အစွန်းလည်းရတယ် နောက်နှစ်တွေမှာ တိုးချဲ့စိုက်ပျိုးဖို့ရည်မှန်းထားတယ် ခုကဖီးကြမ်းတစ်ဖီးကို ၁၅၀၀ ကျပ်နဲ့ငှက်ပျောဖီး အကြီးအသေးပေါ်မူတည်ပြီး ဈေးကတော့မတူဘူးပေါ့ တစ်ခါရောင်းရင် ကျပ်ငါးသောင်းဖိုးလောက်ထိရရှိပါတယ်"ဟု ရေဖြူကျေးရွာငှက်ပျောစိုက် တောင်သူတစ်ဦးကပြောသည်။

ငှက်ပျောပင်ကို မိုးဦးကျအချိန်တွင် သားတက်များကိုခွဲ၍ စိုက်ပျိုးရကြောင်း စိုက်ပျိုးပြီး တစ်နှစ်ကျော်ခန့်အကြာတွင် ငှက်ပျောခိုင်များ ရင့်မှည့်လာပြီးဈေးကွက်သို့ စတင်ရောင်းချနိုင်ကြောင်း သိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)