အောင်လံမြို့၌ မိုးရာသီကာလအတွင်းစိုက်ပျိုးထားသောပန်းပင်များအား ကွင်းဆင်းကြည့်ရှု

အောင်လံ အောက်တိုဘာ ၁၇

အောင်လံခရိုင်၊ အောင်လံမြို့၌ အောင်လံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်နိူင်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့ ညနေပိုင်းက မြို့သာယာလှပရေးအတွက် စည်ပင်သာယာရေးအဖွဲ့မှ မိုးရာသီကာလအတွင်း စိုက်ပျိုးထားသော ပန်းပင်များကို ကွင်းဆင်းကြည့်ရှုခဲ့သည်။

အောင်လံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မိုးရာသီကာလတွင် စိုက်ပျိုးထားသော ငုစပ်ပန်းပင်နှင့် သပြေဘူပင်များ ရှင်သန်ဖြစ်ထွန်းမှုနှင့် မြို့ဝင်ဆိုင်းဘုတ်တွင် ပန်းအလှပင်များ စိုက်ပျိုးထားမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုခဲ့ရာ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိန်းနိုင်နှင့် အင်ဂျင်နီယာမှူး ဦးထွန်းသူအောင်တို့မှ ပြန်လည်ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ဇင်ဇင်မင်းမောင်