တနင်္သာရီရိုးရာ တစ်ပိုင်တစ်နိုင်ပန်းပဲလုပ်ငန်းအကြောင်း ကိုရန်ငြိမ်းနှင့်တွေ့ဆုံမေးမြန်းခြင်း ပြုလုပ်ဆောင်ရွက်

တနင်္သာရီ အောက်တိုဘာ ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီရိုးရာ အသေးစား၊ အငယ်စားနှင့်အလတ်စား (MSME) မိရိုးဖလာ တစ်ပိုင်တစ်နိုင် လုပ်ငန်းတစ်ခုဖြစ်သည့် မြန်မာ့ရိုးရာ ပန်းပဲလုပ်ငန်းအကြောင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီအချိန်မှစ၍ ချောင်းကြီး ရပ်ကွက်-စက်မှုဇုန်လမ်းအတွင်း (“3”)အမှတ်တံဆိပ်နှင့် အာမခံပန်းပဲလုပ်ငန်းဖြင့် မိသားစုအသက်မွေးဝမ်းကြောင်းပြု လုပ်ကိုင်နေသည့် ပန်းပဲပညာရှင် ကိုရန်ငြိမ်း(၃၅)နှစ်အား သွားရောက်တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်သီသီခိုင်က တွေ့ဆုံမေးမြန်းသူအဖြစ် ဆောင်ရွက်ပြီး ပန်းပဲပညာရှင် ကိုရန်ငြိမ်းအား ပန်းပဲလုပ်ငန်းစတင်လုပ်ကိုင်ဖြစ်ပုံ၊ မိရိုးဖလာအဆင့်ဆင့် လက်ဆင့်ကမ်းသင်ယူခဲ့ပုံ၊ အဓိကထုတ်လုပ်ပေးသည့်ဓါးအပါအဝင် ပစ္စည်းအမျိုးအစားနှင့် အရွယ်အစားများ၊ အလွန်မာကျောသော သံချောင်းမှဓါးအဖြစ်သို့ အဆင့်ဆင့်ပြုလုပ်ပုံ၊ နေ့စဉ်ပြလုပ်သည့်လုပ်ငန်းများအခြေအနေ၊ ပန်းပဲလုပ်ငန်းနှင့်ကျန်းမာရေး၊ မိသားစုအခြေအနေနှင့်အလုပ်အပ်နှံကြသည့် ဖောက်သည်များအပေါ် ဝန်ဆောင်မှု လုပ်ငန်းများနှင့် ပန်းပဲလုပ်ငန်းအပေါ်ခံယူချက်များ…စသဖြင့် မေးမြန်းမှုဖြေကြားမှုများကို ဦးစီးအရာရှိ ဦးထိန်ဝင်းက သတင်းရုပ်သံမှတ်တမ်း ရိုက်ကူးမှုဆောင်ရွက်ပေးကြောင်း သိရှိရသည်။

အဆိုပါ ရုပ်/သံသတင်းကို တနင်္သာရီမြို့နယ်၏ နန်းမြို့သာရီ Page နှင့် Tanintharyi Township News Telegram တို့တွင် မည်သူမဆိုလေ့လာကြည့်ရှုစေရန် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)