ရွှေဘို အောက်တိုဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ပြင်ဆင်ထားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရ သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက ၂၀၂၃ ခုနှစ်၊ နောက်ပိုင်းကာလများတွင် အယ်နီညိုရာသီဥတုဖြစ်ပေါ်လာနိုင်၍ အယ်နီညို နှင့် အတူ အပူလှိုင်းများ၏ ဒဏ်အား ၂၀၂၄ ခုနှစ် တွင် ပြင်းထန်စွာ ခံစားရနိုင်ဖွယ်ရှိကြောင်း သိပ္ပံပညာရှင်များမှ သတိပေးထားရာ မိမိတို့ ခရိုင်အနေဖြင့် စိုက်ပျိုးရေးကို အဓိကအားထားသည့်အတွက် အယ်နီညိုဖြစ်စဉ်ကြောင့် လူနှင့် တိရိစ္ဆာန်ထိခိုက်ဆုံးရှုံးမှုမရှိရေး၊ စိုက်ပျိုးရေး လုပ်ငန်းများ ပျက်စီးဆုံးရှုံးမှုနည်းပါးရေးတို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ပြည်သူလူထုအား ဆောင်ရန်၊ ရှောင်ရန်တို့ကို အသိ ပညာပေး ဆောင်ရွက်သွားကြရန်၊ ပူပြင်းမှုကြောင့် ရေရှားပါးခြင်းကိစ္စရပ်များ ဖြစ်ပေါ်တတ်သည့်အတွက် ဆည်မြောင်းတာတမံများရှိ ရေများကို လည်း ဆုံးရှုံးမှုမရှိအောင် ထိန်းသိမ်းပြီး စနစ်တကျ သုံးစွဲသွားကြရန်နှင့် ရာသီဥတုဖောက်ပြန်မှုကြောင့်ဖြစ်သည့် အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်မည့် အကျိုးဆက်များကို ကြိုတင်ခန့်မှန်းသိရှိနိုင်သည့်အတွက် ထိခိုက်မှုနည်းပါး အောင် တာဝန်ရှိသူအားလုံးက လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို အလေးထား ဆောင်ရွက်ထားကြရန် လိုအပ်ပါကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ ဖွဲ့စည်း တာဝန်ပေးအပ်ထားပြီးဖြစ်သည့်အတွက် မိမိတို့ဒေသအလိုက် ကြိုတင်ဆောင်ရွက်သင့် သည့် လုပ်ငန်းများကို ကြိုတင်စီမံဆောင်ရွက်ခြင်းဖြင့် ထိခိုက်ဆုံးရှုံးမှုနည်းပါးအောင် ဆောင်ရွက် ကြရန်ပြောကြားခဲ့သည်။
ထို့နောက် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များက မိမိတို့ဆောင်ရွက်ထားရှိမည့် လုပ်ငန်းများအား ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်