ဘိုကလေး အောက်တိုဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သဇင်ကုန်းကျေးရွာအုပ်စု၊ အကယ်ချောင်းကျေးရွာသို့ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်အောင်ဆွေနှင့် ဝန်ထမ်းများမှ ယနေ့နေ့လယ်(၁)နာရီတွင် ကွင်းဆင်းကာ ဒေသခံရေလုပ်ငန်း လုပ်ကိုင်သူများနှင့် တွေ့ဆုံ၍ ရေလုပ်ငန်းဆိုင်ရာများအား အသိပညာပေး ဆောင်ရွက်ခဲ့သည်။
အသိပညာပေးရာတွင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်အောင်ဆွေက ရေချိုငါးလုပ်ငန်း ဥပဒေနှင့်အတူ ငါးရိက္ခာဖူလုံစေရေး၊ ငါးမျိုးပြုန်းတီးမှု မဖြစ်ပေါ်စေရေးတို့အတွက် ငါးရစ်၊ ငါးသန်များအား ဖမ်းဆီးခြင်းမပြုရန် လိုအပ်ကြောင်း၊ မြစ်ရိုး၊ ချောင်းရိုးများအတွင်း ဘက်ထရီလျှော့တိုက်၍ ငါးဖမ်းခြင်းမပြုရန် လိုအပ်ကြောင်း အသိပညာပေး ဟောပြောခဲ့ပြီး သဇင်ကုန်းကျေးရွာအုပ်စုများအတွင်းရှိ အင်းလုပ်ငန်း လုပ်ကိုင်ကြသော အင်းငယ်များသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ ငါးသယံဇာတပေါများစေရေးအတွက် လိုအပ်သည်များကို အင်းပိုင်ရှင်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)