လပွတ္တာမြို့နယ်၌ အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်

လပွတ္တာ အောက်တိုဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၌ အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော လူမှုရေးပင်စင်ထောက်ပံ့ငွေများအား မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ယ​နေ့နံနက် (၉) နာရီက တာဝန်ရှိသူများမှ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကျေးစာရေးနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ လပွတ္တာမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် အသက်(၈၅)နှစ်နှင့် အထက်ဘိုးဘွား (၉၀၆)အား တစ်ဦးလျှင် (၃၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၂၇၁၈၀၀၀၀) ကျပ်အား အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်