စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ စည်ပင်သာယာစျေးအတွင်း အသားငါးများအား စျေးနှုန်းမြှင့်တင် ရောင်းချခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းနှင့် ပန်းခြံအတွင်း သာယာလှပစေရန် ကွင်းဆင်းကြည့်ရှု

စလင်း  အောက်တိုဘာ  ၁၆

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ စည်ပင်သာယာစျေးအတွင်း အသားငါးများအား စျေးနှုန်းမြှင့်တင် ရောင်းချခြင်း ရှိ/မရှိသိရှိနိုင်ရန်နှင့် ဆင်ဖြူကျွန်းအာဇာနည်ပန်းခြံအတွင်း သာယာလှပစေရန် ဆောင်ရွက်ထားရှိမှု ကွင်းဆင်းစစ်ဆေးခြင်းကို စည်ပင်သာယာရေးဦးစီးဌာနမှ ခွင့်ပြုထားသည့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ မြို့မစည်ပင်သာယာစျေးအတွင်း  အသားငါးရောင်းချသည့် စျေးဆိုင်များအား ယနေ့အောက်တိုဘာ(၁၆)ရက် နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က  မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးတင်စိုးဝင်း၊ ဒုဦးစီးမှူး ဦးဟိန်းထက်​နေဝင်း၊ စျေးတာဂန်ခံ  ဒေါ်ခင်သန္တာမှတ်ခင်ကျော်နှင့် စည်ပင်သာယာကော်မတီ ဦးကျော်မြင့်နှင့် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက စည်ပင်သာယာစျေးကြီးအတွင်း ဖွင့်လှစ်ရောင်းချသည့် အသားငါးဆိုင်များမှ  ပြည်သူလူထုအနေဖြင့် အသားငါးများကို     သတ်မှတ်စျေးနှုန်းများဖြစ်သည့် ဝက်သား (၁)ပိသာ ၁၂၀၀၀ ကျပ်၊ အရိုးတစ်ပိသာ ၅၀၀၀ ကျပ်၊ ကလီစာတစ်ပိသာ ၈၀၀၀ ကျပ်၊ ဆိတ်သားတစ်ပိသာ (၁၅၀၀၀)ကျပ်၊ အရိုးတစ်ပိသာ ၆၀၀၀ ကျပ်၊ ကလီစာတစ်ပိသာ   ၁၀၀၀၀ကျပ်၊ အမဲသား တစ်ပိသာ ၁၂၀၀၀ ကျပ်၊ အရိုးတစ်ပိသာ ၅၀၀၀ ကျပ်၊ ကလီစာတစ်ပိသာ ၈၀၀၀ ကျပ်ဖြင့် စျေးနှုန်းများသတ်မှတ်၍ ဝယ်ယူစားသုံးနိုင်စေရန် အသားငါးများ ရောင်းချရာတွင် စျေးနှုန်းများမြှင့်တင်ရောင်းချခြင်း ရှိ/မရှိစစ်ဆေးဆောင်ရွက်ရာတွင် စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများက လက်ကိုင်အသံချဲ့စက်များကို အသုံးပြု၍ ကြေညာချက် ထုတ်ပြန်အသိပေးဆောင်ရွက်ခြင်း အသားငါးစျေးနှုန်းများ  ဆိုင်ပိုင်ရှင်များအနေဖြင့် စျေးဆိုင်ခန်းများ အသားရုံများအတွင်း ဗီနိုင်းဆိုင်းဘုတ်များချိတ်ဆွဲ၍ စျေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိဘဲ သတ်မှတ်စျေးနှုန်းများအတိုင်း စျေးနှုန်းမှန်ကန်စွာ  ရောင်းချလျက်ရှိပြီး ဆင်ဖြူကျွန်းမြို့ အာဇာနည်ပန်းခြံအတွင်း သာယာလှပစေရန် ဆောင်ရွက်ထားရှိမှုတို့အား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

(မောင်လွင်)စလင်း