ဝါးခယ်မ အောက်တိုဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်၊ အူကျွန်းကျေးရွာ၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက် ၈ နာရီခွဲအချိန်က အူကျွန်းကွင်း အမှတ်-၁၀၂၅(ခ)၊ ဦးပိုင်အမှတ် ၅၉/၂၊ တောင်သူ ဦးခင်မောင်ဦး စိုက်ပျိုးထားသော နယူးဧရာ-၁ စပ်မျိုးစပါး (၀.၁၅)ဧကတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးစပါးစံကွက် ရိတ်သိမ်းရာတွင် စိုက်ပျိုးထားသော နယူးဧရာ-၁ စပ်မျိုးစပါး တစ်ဧကပျမ်းမျှ အစိုအထွက်တင်း (၁၄၀.၅)တင်း၊ အခြောက်ထွက်တင်း (၁၃၁.၅)တင်း ထွက်ရှိကြောင်း၊ ယင်းတောင်သူမှာ ယခင်နှစ်မိုးစပါးတွင် ဆင်းသုခစပါးစိုက်ပျိုးခဲ့ရာ အထွက်နှုန်း (၈၀)တင်း ထွက်ရှိခဲ့ပြီး ယခုနှစ်တွင် နိုင်ငံ့စီးပွား ၈ ဘီလီယံဖြင့် အထွက်ကောင်း မျိုးစပါးရယူခဲ့ပြီး ပိုက်ဆံလျှော် မြေမြှုပ်ထားသောကြောင့် အထွက်နှုန်းပိုမိုကောင်းခဲ့သည်။
အဆိုပါ စံကွက်ရိတ်သိမ်းပွဲသို့ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့များ၊ တောင်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)