မိုးညိုမြို့၌ရပ်ကွက်အခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံ

မိုးညို အောက်တိုဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂) နှစ်မကျော်သော အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီခွဲက မြို့မရပ်ကွက်ရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုးက သားအိမ်ခေါင်းကင်ဆာရောဂါ ဖြစ်ပွားမှုအခြေအနေ၊ သားအိမ်ခေါင်းကင်ဆာ ရောဂါလက္ခဏာများ၊ ရောဂါကာကွယ်ခြင်းနှင့် ကုသခြင်းဆိုင်ရာများ၊ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်းနှင့်ပတ်သက်၍ ကာကွယ်ဆေးထိုးနှံရန် လာ‌ရောက်သူများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် သားအိမ်‌ခေါင်းကင်ဆာကာကွယ်‌ဆေးထိုးနှံပေးရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုးကြီးကြပ်မှုဖြင့် မိခင်နှင့်က‌လေးကျန်းမာ‌ရေးဌာနမှ ဝန်ထမ်းများနှင့်အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်း၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်းတို့မှ ကူညီဆောင်ရွက်ခဲ့ပြီး မြို့ပေါ်(၄)ရပ်ကွက် မှအမျိုးသမီးငယ် ၇ ဦးတို့အား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကိုမင်း (ပြန်/ဆက်)