မင်းဘူး အောက်တိုဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၌ မိုးပဲတီစိမ်းသီးနှံကို ၇၈၆၆၀ ဧက စိုက်ပျိုးကာ လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ခင်းများလည်း အောင်မြင်ဖြစ်ထွန်းလျက်ရှိကြာင်း မင်းဘူးမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မင်းဘူးခရိုင်အတွက် မိုးသီးနှံ ပဲတီစိမ်းလျာထားချက်မှာ ၅၀၆၆၄ ဧကဖြစ်ပြီး၊ ၇၈၆၆၀ ဧက စိုက်ပျိုးနိုင်သည့်အတွက် လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိင်သည့်အပြင် စိုက်ခင်းများ ပိုးမွှားကင်းစင်ကာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းလည်း သိရသည်။
မိုးပဲတီစိမ်းကို ဇွန်၊ ဇူလိုင်၊ ဩဂုတ် စသည်ဖြင့် နွေနှမ်းများ ရိတ်သိမ်းပြီးသည့် အချိန်နှင့် ရေရရှိသည့်အပေါ်မူတည်ပြီး အမျိုးမျိုးစိုက်ပျိုးကြကာ အထွက်နှုန်းကောင်းပြီး တစ်ဧက တင်း ၂၀ ပန်းတိုင်အထွက်နှုန်း ပြည့်မီရေးအတွက် ပိုးမွှားဒဏ်ခံနိုင်ရန် စိုက်ပျိုးရေးခြံများမှ ထုတ်လုပ်သည့် ရေဆင်း ၁၁ မျိုးနှင့် ရေဆင်း ၁၄ မျိုးများကို စိုက်ပျိုးစေပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက သီးနှံများ အထွက်တိုးစေရန်အတွက် တောင်သူများကို စည်းရုံး၍ စိုက်ပျိုးရေးနည်းစနစ်များကို အသိပညာပေး ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)