ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  မြို့နယ် စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်

ညောင်လေးပင် အောက်တိုဘာ ၁၅

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင်  မြန်မာနိုင်ငံ စာရေးဆရာအသင်း (ဗဟို) အမှုဆောင်နှင့် မြို့နယ် စာရေးဆရာအသင်း (နာယက) ဒေါက်တာမြင့်သန်း (ညောင်လေးပင်)က အဖွင့်အမှာစကား ပြောကြားပြီး မဂ္ဂဇင်းထုတ်ဝေရန်အတွက် စီစဉ်ဆောင်ရွက်နေမှုများအား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးစိုးဝင်း (မောင်စုမြင် -ညောင်လေးပင်)က ကဗျာ၊ မဂ္ဂဇင်း၊ ဝတ္ထုတိုများ ရေးသားပေးပို့နိုင်ရေး ဆွေးနွေးပြောကြားခဲ့သည်။

၎င်းနောက် တက်ရောက်လာသော စာရေးဆရာအသင်းအဖွဲ့ဝင်များမှ အသီးသီး ဆွေးနွေးသွားခဲ့ကြပြီး မြန်မာနိုင်ငံ စာရေးဆရာအသင်း (ဗဟို) အမှုဆောင်နှင့် မြို့နယ် စာရေးဆရာအသင်း (နာယက) ဒေါက်တာမြင့်သန်း (ညောင်လေးပင်)မှ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တတ်ရောက်လာကြ‌သော စာရေးဆရာအသင်းအဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များမှ သိရှိလိုသည်များအား အပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်