မော်လိုက်မြို့၌ မွမ်းမံစက်ချုပ်နည်းသင်တန်း သင်ကြားလျက်ရှိ

မော်လိုက် အောက်တိုဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သော မွမ်းမံစက်ချုပ်နည်းသင်တန်းကို အောက်တိုဘာလ ၆ရက်နေ့ နံနက်(၉)နာရီ အချိန်မှ စတင်၍ မော်လိုက်မြို့  အဆိုပါဌာနရှိ အစည်းဝေးခန်းမတွင် ဖွင့်လှစ်လျက်ရှိပြီး သင်တန်းသူ(၁၁)ဦး တက်ရောက်လျက်ရှိသည်။

အဆိုပါသင်တန်းအား မော်လိုက်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေသခံပြည်သူများ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေသည့် ကျွမ်းကျင်သော စက်ချုပ်တတ်သူ လူငယ်များ ပေါ်ထွန်းလာစေရန်လည်းကောင်း၊ မိမိတို့၏ စိတ်ကူးဉာဏ်ဖြင့် ပုံစံအမျိုးမျိုး ဖန်တီး ချုပ်လုပ်နိုင်စေရန်လည်းကောင်း၊ စက်ချုပ်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်ပီး တစ်ဖက် တစ်လမ်းမှ မိသားစုဝင်ငွေ ရရှိစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ယခုလိုသင်တန်းများ ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊ စက်ချုပ်နည်းများကို ဒေါ်ဝင်းမိုးမိုးခန့်က နည်းပြသင်ကြားပေးလျက်ရှိကြောင်း ခရိုင်ဦးစီးမှူးထံမှ သိရသည်။

မော်လိုက်မြို့၌ ဖွင့်လှစ်သည့် မွမ်းမံစက်ချုပ်နည်းသင်တန်းကို (၆.၁၀.၂၀၂၃)ရက်နေ့မှ (၂၀.၁၀.၂၀၂၃) ရက်နေ့အထိ နေ့စဉ်နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ မော်လိုက်ခရိုင် အသေးစား စက်မှုလက်မှု အစည်းဝေးခန်းမတွင် သင်ကြားလျက်ရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်