ငဖဲမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပ နှစ်ဝက်စာမေးပွဲ အေးချမ်းစွာဖြေဆို

ငဖဲ အောက်တိုဘာ ၁၅

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပနှစ်ဝက်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ စတင်ဖြေဆို လျက်ရှိသည်။

အဆိုပါ နှစ်ဝက်စာမေးပွဲများကို မြို့နယ်အတွင်းရှိ စာစစ်ဌာန (၈၂)ခုရှိသည့်အနက် အခြေခံပညာ အထက်တန်းအဆင့် နှစ်ဝက်စာမေးပွဲကို အောက်တိုဘာလ ၁၂ ရက်နေ့မှ စတင်၍  ဖြေဆိုလျက်ရှိပြီး အခြေခံပညာအလယ်တန်းဆင့်နှင့် မူလတန်းဆင့် နှစ်ဝက်စာမေးပွဲကို အောက်တိုဘာလ ၁၅ ရက်နေ့တွင် စတင်ဖြေဆိုလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုပြီးစီးရေး အတွက် ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် ဒုမြို့နယ်ပညာရေးမှူးဦးခင်မောင်ဝင်း တို့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် တာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား မိဘများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပနှစ်ဝက်စာမေးပွဲကို ကျင်းပလျက်ရှိရာ အခြေခံပညာအထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူ (၁၁၇၀)ဦး၊ အလယ်တန်းဆင့် ဖြေဆိုသူ ( ၂၄၄၉ )ဦးနှင့် မူလတန်းဆင့်ဖြေဆိုသူ (၇၀၃၃)ဦး စုစုပေါင်း ဖြေဆိုသူ (၁၀၆၅၂)ဦး ရှိပြီး အောက်တိုဘာလ ၂၀ ရက်နေ့ထိ တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)