မြောင်းမြမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ (၁၁၇) နှစ်ပြည့် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ရုံးဆိုင်းဘုတ်ဖွင့်ပွဲနှင့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

မြောင်းမြ အောက်တိုဘာလ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန (ယခင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန)တွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ(၁၅) ရက်နေ့တွင် ကျရောက်သော (၁၁၇) နှစ်မြောက် ဌာနနှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့်  ရုံးဆိုင်းဘုတ်ဖွင့်ပွဲနှင့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပူဇော်ပွဲ အခမ်းအနားအား  ယနေ့နံနက် (၉:၀၀) နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ရုံးဆိုင်းဘုတ်ဖွင့်ပွဲနှင့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမြင့်နိုင်၊ မြောင်းမြခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝင်းထွဋ်၊ မြောင်းမြမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနေဖြိုးမောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ဆိုင်းဘုတ်အား အမွှေးနံသာများ ပက်ဖျန်းခဲ့ကြသည်။

အခမ်းအနားသို့ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး ဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆက်ကပ်ခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်း အစုစုတို့ကို ရေစက်သွန်းချ လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခင်ရူပါအေး