ကန့်ဘလူ အောက်တိုဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ခရိုင်စီမံအုပ်ချုပ်အဖွဲ့၏ အစီအစဉ်ဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် တာဝန်ရှိသူများ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်ရှိစီးပွားရေး လုပ်ငန်းအမျိုးအစားပေါ် မူတည်၍ အစားအသောက် ရောင်းချသူများအား စားအုန်းဆီများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာ ဝယ်ယူ စားသုံးနိုင်ရန် ပထမအကြိမ် ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက်၊ ၇:၀၀ နာရီက ကန်ဘလူ မြို့ပေါ်ရှိ ဈေးရောင်းလုပ်ငန်း လုပ်ကိုင်ကြသူများအား စည်ပင်သာယာခန်းမ၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
စားအုန်းဆီများ ရောင်းချပေးရာတွင် အကြော်ဆိုင်၊ အသုပ်ဆိုင်၊ မုန့်တီမုန့်ဟင်းခါးဆိုင်၊ လဖက်ရည်ဆိုင်၊ ထမင်းဆိုင်နှင့် စားသောက်ဆိုင် စသည့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများအား အလုပ်အကိုင်အမျိုးအစားအပေါ် မူတည်၍ ရောင်းချပေးခဲ့ရာ ဆိုင်လုပ်ငန်း လုပ်ကိုင်သူ (၁၅၀)ဦးအတွက် စားအုန်းဆီ တပိဿလျှင် ၇၄၀၀နှုန်းဖြင့် စားအုန်းဆီ (၂၀၁၅) ပိဿာ ရောင်းချပေးပြီး အဆိုပါခန်းမ၌ ပြည်သူများအား ကန့်ဘလူမြို့၊ ကုတင်၁၀၀ ဆေးရုံအုပ် ကြီး ဒေါက်တာနေမိုးနှင့် ကျန်းမာရေး၀န်ထမ်းများက အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်၊ပြန်/ဆက်