စစ်ကိုင်းတိုင်းဒေသကြီး၌ မိုးသီးနှံနေကြာ ၄၇၂၀၀ ဧက စိုက်ပျိုးပြီးစီး လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်

မုံရွာ အောက်တိုဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရိုင်(၁၄)ခရိုင်ရှိသည့်အနက် ခရိုင်(၇)ခရိုင်၌ မိုးသီးနှံနေကြာ ၄၇၂၀၀ ဧက စိုက်ပျိုးပြီးစီး၍ လျာထားဧကထက် ၃၅ ဧက ကျော်လွန်စိုက်ပျိုးနိုင်ခဲ့သည်။

မိုးနေကြာများစိုက်ပျိုးရာတွင် နေကြာမျိုးများဖြစ်သည့် စပ်မျိုး-၁၊ ဆင်းရွှေကြာ၂၊၃၊ ဆန်ဖိုလာ နေကြာမျိုးများကို အထွက်နှုန်းကောင်းမွန်ရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေးတို့အတွက် စံကွက်များ၊ စမ်းသပ်ကွက်များကို စိုက်ပျိုးထားရှိပြီး တောင်သူလယ်သမားများ မိုးနှမ်းစိုက်ပျိုးရာသီတွင် သီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သော စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ၊ သွင်းအားစုများ၊ သီးနှံမျိုးစေ့များ ကူညီထောက်ပံ့ခြင်းများကို တိုင်းဒေသကြီး စိုက်ပျိုးရေးဉးစီးဌာနမှ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့်  သက်ဆိုင်ရာခရိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ကူညီထောက်ပံ့ပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ပိုးမွှားရောဂါများ ကျရောက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

အဆိုပါ မိုးနေကြာများကို တိုင်းဒေသကြီးအတွင်းရှိ  နာဂဒေသတွင် ၁၄ ဧက၊  မုံရွာခရိုင်တွင် ၉၅၃၀ ဧက၊ ယင်းမာပင်ခရိုင်တွင် ၁၆၀၉၀ ဧက၊ ရွှေဘိုခရိုင်တွင် ၁၁၂၇ ဧက၊ ရေဦးခရိုင်တွင် ၄၉၉၆ ဧက၊ ကန့်ဘူခရိုင်တွင် ၅၈၃ ဧက၊ စစ်ကိုင်းခရိုင်တွင် ၁၄၇၈၀ ဧက၊ ကသာခရိုင်တွင် ၈၀ ဧက၊  စုစုပေါင်း ၄၇၂၀၀ ဧကကို  မေလဆန်းမှ စတင်စိုက်ပျိုးနိုင်ခဲ့ပြီး စက်တင်ဘာလကုန်အထိ ၁၈၄၃၄ ဧက ရိတ်သိမ်းနိုင်ခဲ့ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်း ၂၂ ဒသမ ၂၉ ရာခိုင်နှုန်းဖြင့် စုစုပေါင်း မိုးနေကြာတင်းပေါင်း ၄၁၀၉၁၅ ထွက်ရှိကာ ကျန်ရှိမိုးနေကြာများကို အောက်တိုဘာလကုန်အထိ ဆက်လက်ရိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)