သာပေါင်းမြို့နယ်တွင် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ခွေးကုတ်ကျေးရွာ အုပ်စုသို့ သွားရောက်ဖြည့်ဆည်းဆောင်ရွက်ပေး

သာပေါင်း အောက်တိုဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ခွေးကုတ်ကျေးရွာအုပ်စုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ များပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ညှိ့နှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ ကြသည်။

ထိုသို့ လုံခြုံရေး၊တရားဥပဒေစိုးမိုးရေး၊ရပ်ရွာအေးချမ်းသာယာရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကျေးရွာအရောက် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကြရာတွင် ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က ခွေးကုတ် ကျေးရွာအုပ်စု၊ အနန်းကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်း‌ကျောင်း (ခွဲ)၌ ကျေးရွာနေပြည်သူ (၃၅၂)ဦးတို့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး လှဝင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သန်းနိုင်၊ အဖွဲ့ဝင်(၂) ဦးကျော်တိုး၊ အဖွဲ့ဝင်(၃) မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးမြင့်မြတ်‌ဇော်နှင့် ဌာနဆိုင်ရာများက တွေ့ဆုံ၍ တရား ဥပဒေစိုးမိုးရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းတက်ရောက်ရေး၊ အလယ်တန်း၊ အထက်တန်း သင်ယူပြီးမြောက်ရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊ စာသင်ကျောင်းများလုံခြုံရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနိုင်ရေး၊ ရောဂါဖြစ်ပွားမှုလျော့နည်း စေရေးအတွက် ကြိုတင်ကာကွယ်နိုင်ရေး၊ ကျေးရွာအုပ်စုပြည်သူ့လုံခြုံရေး ကြီးကြပ်အဖွဲ့ ပူးပေါင်း၍ လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး၊ ယာဥ်အန္တရာယ်ကင်းရှင်းရေး၊ မော်တော်ဆိုင်ကယ်စီးနင်းပါက ဆိုင်ကယ်ဆောင်းဦးထုပ်ဆောင်ရေး၊ သတ်မှတ်မိုင်နှုန်းအတိုင်း မောင်းနှင်ရေး၊ စနေနေ့တိုင်း နေအိမ်အလိုက် သန့်ရှင်းရေး စုပေါင်းဆောင်ရွက်ရန်၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ရန်၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေး ဆောင်ရွက်ရန် တစ်ဧက(၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေးဆောင်ရွက်ရန်၊ အယ်လ်နီညို ဖြစ်စဥ်ကြောင့် ရေပြတ်လပ်မှုရှိနိုင်သဖြင့် သောက်သုံးရေစုဆောင်းရန်၊ ရေလှောင်ကန်များ ပြုပြင်ရေသိုလှောင်ရန်၊ စိုက်ပျိုးရေအတွက် ချောင်း၊ မြောင်း၊ ရေကန်များ ချောင်းမြောင်း ပိတ်ဆို့မ‌နေရေးဆောင်ရွက်ရန်၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) အား ၂၀၂၄ ခုနှစ်တွင် ဧကပြည့် စိုက်ပျိုးရေး ကြိုတင်ဆောင်ရွက်ရန်၊ ရိုးပြတ်ကျန်ဧကများ မရှိရေး သီးထပ်စိုက်ပျိုး ရန်၊ ဆောင်းနေကြာလျာထား ဧကပြည့်မီစွာ စိုက်ပျိုးရေး ဆောင်ရွက်ရန်၊ ငါးသယံဇာတထိန်းသိမ်းရေး၊ လျှပ်စစ်မီးအန္တရာယ်ကင်းရှင်းရေး၊ တစ်နိုင်တစ်ပိုင် ကြက်/ဘဲ/ဝက်မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းကိစ္စရပ်များ ရှင်းလင်းဆွေးနွေးကြပြီး ဒေသခံပြည်သူများက သိရှိလိုသည်များမေးမြန်းကြရာ ကဏ္ဍအလိုက် သက်ဆိုင်ရာဌာနများမှ ပြန်လည်ဆွေးနွေး ရှင်းလင်း‌ဖြေကြားပေးခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်