ငွေဆောင်မြို့၊ ယမုံနာဦးဟိုတယ်တွင် MSME စျေးရောင်းပွဲတော်အကြို လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ငွေဆောင်ကမ်းခြေဒေသ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ငွေဆောင် အောက်တိုဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ ယမုံနာဦးဟိုတယ်တွင် ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးတင်အေးနှင့် တိုင်း၊ ခရိုင်၊မြို့ဌာနဆိုင်ရာများမှ MSME​ စျေးရောင်းပွဲအကြို   လုပ်ငန်းညှိနှိုင်းအစည်းအဝေး​ပြုလုပ်ခဲ့ပြီး နေ့လည်(၁၃း၀၀) နာရီအချိန်တွင် စီးပွားရေးရာဝန်ကြီးဦးတင်အေးမှ ငွေဆောင်မြို့မှ ဟိုတယ်လုပ်ငန်းရှင်များ၊ တည်းခိုခန်း လုပ်ငန်းရှင်များ၊ စားသောက်ဆိုင်ပိုင်ရှင်များ၊ အမှတ်တရပစ္စည်း အရောင်းဆိုင်ပိုင်ရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ယမုံနာဦးဟိုတယ်တွင် ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးဦးတင်အေးနှင့် တိုင်း၊ ခရိုင်၊ မြို့ဌာနဆိုင်ရာများမှ အောက်တိုဘာလ (၁၅)ရက်နေ့၊ ယမုံနာဦးဟိုတယ်တွင် ကျင်းပမည့် MSME စျေးရောင်းပွဲတော်အကြို လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်းသိရသည်။ နေ့လည်(၁၃း၀၀) နာရီတွင် စီးပွားရေးရာဝန်ကြီး ဦးတင်အေးမှ ငွေဆောင်ကမ်းခြေဒေသ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟိုတယ်လုပ်ငန်းရှင်များ၊ တည်းခိုခန်းလုပ်ငန်းရှင်များ၊ စားသောက်ဆိုင်နှင့် အမှတ်တရပစ္စည်းအရောင်းဆိုင်ပိုင်ရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနား၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးဝန်ကြီးဦးတင်အေးမှ အဖွင့်အမှာစကားပြောကြားရာတွင် ငွေဆောင်ကမ်းခြေသည် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ ဝင်ရောက်မှုများပြားရာဒေသဖြစ်သည့်အတွက် ကမ်းခြေခရီးသွားလုပ်ငန်း စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေစေရန် ပင်လယ်ကမ်းရိုးတန်း သယံဇာတသဘာဝပတ်ဝန်းကျင်မပျက်စီးစေရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေး၊ ပင်လယ်ပြင်ညစ်ညမ်းမှု မဖြစ်စေရေး၊ အမှိုက်ကင်းစင်သည့် ကမ်းခြေဖြစ်စေရေး၊ ခရီးသွားဧည့်သည်များ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ အနားယူအပန်းဖြေနိုင်ရေး အလေးထား ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ဟိုတယ်လုပ်ငန်းရှင်များ၊ တည်းခိုခန်းလုပ်ငန်းရှင်များ၊ စားသောက်ဆိုင်နှင့် အမှတ်တရပစ္စည်းအရောင်းဆိုင်များမှ တင်ပြလိုသည့်အချက်များအား ဆွေးနွေးတင်ပြခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးဝန်ကြီး ဦးတင်အေးမှ ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းပြောကြားခဲ့ပေးပြီး အခမ်းအနားအစီအစဉ်သည် ညနေ(၁၆း၀၀) နာရီအချိန်တွင် အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သတင်းရရှိသည်။

ငွေဆောင်