ကဝမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ လုပ်ငန်းရာသီအတွက် ဂရန်အင်းများနှင့် တင်ဒါချက်များ ကြမ်းခင်းဈေးပြင်ဆင်၍ လေလံတင်ရောင်းချခြင်းအခမ်းအနား ကျင်းပ

ကဝ အောက်တိုဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၃-၂၀၂၄ခုနှစ် လုပ်ငန်းရာသီအတွက် ဂရန်အင်းများနှင့် တင်ဒါချက်များ ကြမ်းခင်းဈေးပြင်ဆင်၍ လေလံတင်ရောင်းချခြင်းအခမ်းအနားကို ယမန်နေ့မွန်းတည့် (၁၂)နာရီက မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​အောင်ကျော်မိုးက အဖွင့်အမှာစကားပြောကြားပြီး၊ ပဲခူးခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဇော်မြင့်နိုင်က ဂရန်အင်းများ၊ တင်ဒါချက်များ လေလံတင်ရောင်းချခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးထွန်းလင်းက ဂရန်အင်းများနှင့် တင်ဒါချက်များလေလံတင်ရောင်းချခြင်းဆိုင်ရာ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကဝမြို့နယ်အတွင်းရှိ ဂရန်အင်း (၂)အင်းနှင့် တင်ဒါချက် (၈)ချက်အား လေလံတင်ရောင်းချရာ စျေးပြိုင်စနစ်ဖြင့် ဂရန်အင်းအင်းများနှင့် တင်ဒါချက်များအားလုံး ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)