မင်းဘူးမြို့၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် ဗီနိုင်းပိုစတာကပ်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း Campaign ပြုလုပ်

မင်းဘူး အောက်တိုဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုသောအားဖြင့် ဗီနိုင်းပိုစတာများ ကပ်ခြင်းနှင့် လက်ကမ်းစာစောင်များ လိုက်လံဝေငှပေးခြင်း Campaign ကို ယနေ့နံနက် ၉ နာရီက မြို့မဈေးနှင့် လမ်းဆုံ၊ လမ်းဂွ လူစည်ကားရာ နေရာများတွင် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မင်းဘူးမြို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း ပါဝင်ကာ ပြည်သူများ သိရှိစေရန် ဗီနိုင်းပိုစတာများကပ်၍ ပြသခြင်း၊ လက်ကမ်းစာစောင်များ လိုက်လံ ဝေငှပေးခြင်းတို့ကို ပြုလုပ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

‌ဇေယျာထက်(မင်းဘူး)