ကြို့ပင်ကောက် အောက်တိုဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ ရွှေကြို့မြေဘိုးဘွားရိပ်သာတွင် ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ် ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူးနှင့် ဝန်ထမ်းများက အဘိုးအဘွားများနှင့် ဝန်ထမ်းများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့ ဘိုးဘွားရိပ်သာတွင် အဘိုး ၆ ဦးနှင့် အဖွား ၁၃ ဦးတို့အား စောင့်ရှောက်ပေးထားရာ ဘိုးဘွားတို့၏ ကျန်းမာရေးအတွက် မြို့နယ် ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒေါ်ဆွေဇင်ဖြိုး ဒုတိယတိုင်းရင်းဆေးမှူးနှင့် ဝန်ထမ်းများက တစ်လတစ်ကြိမ် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ဘိုးဘွားများသာမက ဘိုးဘွားစောင့်ရှောက်ပေးသော ဝန်ထမ်းများကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း ဘိုးဘွားစောင့်ရှောက်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းကြည်ထံမှ သိရသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုတွင် ဘိုးဘွားများ၌ အစာမကျေခြင်း၊ အရိုးအကြောအစစ်ရောဂါများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ပြီ ယင်းသို့ လစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြာင်း တိုင်းရင်းဆေးရုံမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)