စလင်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့အထိမ်းအမှတ် ကြိုဆိုဂုဏ်ပြုသောအားဖြင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

စလင်း  အောက်တိုဘာ  ၁၄

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့အထိမ်းအမှတ် ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေဘေး၊ မီးဘေး၊ လေဘေး၊ မိုးကြိုးဘေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့မစည်ပင်သာယာစျေးအတွင်း အပြင် စျေးဆိုင်များနှင့် စျေးရောင်းစျေးဝယ်ပြည်သူများနှင့် မင်းဘူး-စလင်း ကားလမ်းမပေါ်တို့တွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်ဖြန့်ဝေရာတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောလွင်ဦးနှင့် ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်၍ မြို့မစည်ပင်သာယာစျေးအတွင်းအပြင် စျေးရောင်း၊ စျေးဝယ်ပြည်သူများနှင့် မင်းဘူး-စလင်းသွား ကားလမ်းမပေါ်တို့တွင် ခရီးသွားလာကြသည့် ပြည်သူများအား အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးရာတွင် ရေဘေး၊ လေဘေး၊ မိုးကြိုးဘေးနှင့် မီးဘေးအတွက် ကြိုတင်ပြင်ဆင်ရန်၊ မီးငြှိမ်းသတ်ပြီးပါက ပြုလုပ်ရန်အချက်များ မီးလောင်မှုဖြစ်ပွားသည့်ပုံစံနှင့် မီးငြှိမ်းသတ်နည်းလမ်းများ၊ ရှောင်ရှားသင့်သည့် အချက်များတို့ကို အသိပညာပေးဟောပြော၍ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

(မောင်လွင်)စလင်း