ကလေးဝမြို့ အမှတ် (၅) အခြေခံပညာမူလတန်းကျောင်း၌ နံရံကပ်စာစောင်ပြသခြင်းနှင့် အသိပညာပေးဟောပြောပွဲပြုလုပ်

ကလေးဝ အောက်တိုဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ အမှတ် (၅) အခြေခံပညာမူလတန်းကျောင်း၌ နံရံကပ်စာစောင်များပြသခြင်းနှင့် အသိပညာပေးဟောပြောပွဲပြုလုပ်ခြင်းကို အောက်တိုဘာ ၁၁ နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးရာဇာဝင်းက ဇီဝမျိုးစုံမျိုးကွဲများအကြောင်း၊ စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးကျော်ကျော်မိုးက စားသုံးရန်မသင့်သော စားသောက်ကုန်ပစ္စည်းများနှင့် စားသုံးသူအခွင့်အရေးဆိုင်ရာများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးဇော်ဝင်းထွန်းက ကလေးအလုပ်သမားအဓိပ္ပါယ် ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် (၃)ရပ်၊ မြို့နယ်လျှပ်စစ်မှူး ဦးအောင်လှိုင်ဝင်းက လျှပ်စစ်အန္တရာယ်အကြာင်း သိကောင်းစရာများ စသည်တို့ကို အသိပညာပေးဟောပြောခဲ့ကြပြီး ဒုမြို့နယ်ပညာရေးမှူး ဦးစောဟန်ဦးက ပညာရေးဌာနကိုယ်စား အသိပညာပေးဟောပြောပွဲများ ပြုလုပ်ပေး၍ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အသိပညာပေးဟောပြောပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိအကြီးအကဲများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး ပြသထားသော နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)