စေတုတ္တရာ အောက်တိုဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးစပါး(၅၆၇၈)ဧက စိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်း စေတုတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးမြစံက ပြောပြ၍ သိရသည်။
စေတုတ္တရာမြို့နယ်တွင်ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးစပါး (၅၅၇၂)စိုက်ပျိုးရန် လျာထားပြီး ယခုနှစ် ဇူလိုင်လမှစတင်စိုက်ပျိုးခဲ့ရာ မိုးစပါးရာသီကုန်အထိ (၅၆၇၈)ဧက စိုက်ပျိုးပြီးစီးကြောင်း သိရသည်။
“ဒီနှစ် စေတုတ္တရာမြို့နယ်အနေဖြင့် မိုးစပါးဧက (၅၅၇၂)လျာထားသတ်မှတ်ထားသော်လည်း လျာထားချက်ထက်ပြည့်မီကျော်လွန်စွာ စိုက်ပျိုးနိုင်ရန်အတွက် လိုအပ်သည့် နည်းပညာ၊ မျိုးကောင်းမျိုးသန့်များအထွက်နှုန်းတိုးဖိုးနဲ့ သဘာဝဓာတ်မြေဩဇာအားအချိုးညီစွာထည့်သွင်းအသုံးပြုနည်းတွေ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေး၊ စပါးပင်များထိခိုက်ပျက်စီးမှုမရှိစေဖို့ ကာကွယ်နှိမ်နင်းရေးနည်းပညာများကိုလည်း စပါးမစိုက်မီ ကြိုတင်အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။ အဓိကကတေ့ာ တောင်သူတွေနဲ့ စိုက်ပျိုးရေးဦးစီးဌာနနှင့်အတူ အခြားဌာနတွေကလည်း ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်” ဟုစိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ပြောပြသည်။
၂၀၂၃ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ စေတုတ္တရာမြို့နယ်တွင် မိုးစပါးစိုက်ပျိုးမှုကို ၂၀၂၃ ခုနှစ် ဇူလိုင်လမှစတင်၍ စက်တင်ဘာလအထိ စိုက်ပျိုးခဲ့ရာ မိုးစပါး (၅၅၇၂)ဧက လျာထားမှုတွင် (၅၆၇၈)ဧကထိ (၁၀၆)ဧက ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)