ထားဝယ် စက်တင်ဘာ ၁၄
နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ၂၀၂၃ ခုနှစ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဗဟိုအဆင့် ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်မည့် တနင်္သာရီတိုင်း ဒေသကြီးကိုယ်စားပြု အဆို၊ အက၊ အရေး၊ အတီးအဖွဲ့သည် ထားဝယ်မြို့၊ ကွန်ပျူတာ တက္ကသိုလ် (ထားဝယ်)ရှိ အဆောင်များ၌ စခန်းသွင်းလေ့ကျင့်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထို့နောက်တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ က (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အခြေခံပညာအဆင့်အသက်(၁၀-၁၅)နှစ်၊ (၁၅-၂၀)နှစ်၊ အဆင့်မြင့်ပညာအဆင့်၊ ဝါသနာရှင်အဆင့်တို့တွင် ပြိုင်ပွဲ ဝင်(၁၂၄)ဦးတို့၏ စခန်းသွင်း လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးကာ စခန်းသွင်းလေ့ကျင့်နေသူများအား ထောက်ပံ့ငွေများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)