တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့၊ ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် အထူးကုဆရာဝန်ကြီးများမှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိပ်ကုသပေးနေမှုများကို ကြည့်ရှုအားပေး

ပုသိမ်   အောက်တိုဘာ ၁၄

ပထမအကြိမ် မြန်မာနိုင်ငံသွားဘက်ဆိုင်ရာ ဆရာဝန်ညီလာခံအား ယခုလ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ ၂ ရက်ကြာ နေပြည်တော်တွင် ကျင်းပမည်ဖြစ်၍  Pre- Conference Activity အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင်   အထူးကုဆရာဝန်ကြီးများမှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာနှင့် မိခင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ကာ အာဟာရပြည့် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ အထူးကုဆရာဝန်ကြီးများမှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိပ်ကုသပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကာ အထူးကုဆရာဝန်ကြီးများအတွက် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများအား ဆေးရုံသန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ဥပဓိရုပ်ကောင်းမွန်ရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန်၊ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ အပြည့်အဝပေးနိုင်ရေး ဆောင်ရွက်ရန် မှာကြားခဲ့သည်။

အဆိုပါခွဲစိပ်ကုသခြင်းများကို ပါမောက္ခဒေါက်တာထွန်းငွေ (ပါမောက္ခ/ဌာနမှူး)၊ မေးရိုးနှင့်ခံတွင်းခွဲစိတ်၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)၊ တွဲဖက်ပါမောက္ခဒေါက်တာအောင်ဆန်းထက် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး)၊ တွဲဖက်ပါမောက္ခဒေါက်တာဆွေဇင်အိ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)၊ ဒေါက်တာဇာလီငြိမ်း (အထူးကုဆရာဝန်-မေ့ဆေး) မြောက်ဥက္ကလာဆေးရုံ၊ ဒေါက်တာဒီပါထွန်းလင်းချစ်(သရုပ်ပြ)၊ ဒေါက်တာသန့်တည်ဦး (သရုပ်ပြ)၊ ဒေါက်တာအောင်သူထွန်း (သရုပ်ပြ)၊  ဒေါက်တာသော်မောင်ဝင်းဆွေ (ဘွဲ့လွန်)၊ ဒေါ်မြတ်ငြိမ်းအေး (အထက်တန်းသူနာပြု)တို့နှင့် ပုသိမ်ပြည်သူ့ဆေးရုံကြီးရှိ သွားဘက်ဆိုင်ရာဆရာဝန်တို့မှ ယခုလ (၁၃)ရက်နေ့မှ (၁၄)ရက်နေ့အထိ နှစ်ရက်တိုင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ (၄၄)ဦးကို ခွဲစိပ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)