ဓနုဖြူမြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက်သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင် ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဓနုဖြူ  အောက်တိုဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင် ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ အောက်တိုဘာလ  ၁၃ရက်နေ့ မွန်းလွဲ ၁နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးဟိန်းထက်ဇော်နှင့် အဖွဲ့ဝင်(၂) ဦးစိန်မောင်ဝင်းတို့က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ထောက်ပံ့ကြေးပေးအပ်ရာတွင် ဓနုဖြူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက်သက်ကြီးဘိုးဘွား(၁၂၄၂)ဦးတို့အား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ်(ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ)လတို့အတွက် တစ်ဦးလျှင် (၃၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း (၃၇၂၆၀၀၀၀)ကျပ်အား ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့်  ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)