သရက် အောက်တိုဘာ ၁၄
မကွေးတိုင်းဒေသကြီး သရက်မြို့၌ အခမ်းအနားမှူးသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့ နံနက်(၁၀)နာရီပ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် (Community Centre)ခန်းမ၌ ကျင်းပရာ ဌာနဆိုင်ရာများမှ ဝန်ထမ်း (၂၆) ဦး တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် သရက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက် ပြောကြားပေးခဲ့ပြီး ဝတ်စားဆင်ယင်မှု၊ ကြိုတင်ပြင်ဆင်မှု အခမ်းအနားမှူး ဆောင်ရန်/ရှောင်ရန်များ၊ အသံပိုင်းဆိုင်ရာနှင့် အစည်းအဝေးညီလာခံဆွေးနွေးပွဲ၊ တွေ့ဆုံပွဲ၊ သင်တန်းဖွင့်ပွဲ၊ သင်တန်းဆင်းပွဲ စသည့် အခမ်းအနားများတွင် ဦးဆောင်သူအဖြစ် တာဝန်ထမ်းဆောင်ခြင်း အခမ်းအနားမှူးနှင့် အခမ်းအနားမှူးတစ်ဦးတွင် ရှိရမည့် အဓိကအရည်အချင်းများနှင့်ပတ်သက်၌ ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)