သဲကုန်းမြို့နယ်အတွင်း မိုးစပါး စံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်

 

သဲကုန်း အောက်တိုဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်း မိုးစပါးများ အထွက်နှုန်းကောင်းစေရန် မျိုးကောင်းမျိုးသန့်စပါးမျိုးများ စိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကန်နှစ်ဆင့်ကျေးရွာအုပ်စု၊ ကန်နှစ်ဆင့်ကျေးရွာ၊ တောင်သူဦးကျော်ဝင်းစိန်၏ ထိုင်းနှံကောက်မိုးစပါး (၅)ဧကတွင် တောင်သူများအထွက်နှုန်းသိရှိစေရေးအတွက် စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကတွင် အစိုပျှမ်းမျှ (၁၁၀)တင်း ထွက်ရှိကြောင်း သိရသည်။

အဆိုပါ စံကွက်ရိတ်သိမ်းရာတွင် ခရိုင်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဉက္ကဋ္ဌ ဦးခင်မောင်ဦး၊ မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဉက္ကဋ္ဌ ဦးယဉ်ထွေးနှင့် အဖွဲ့ဝင်များဖြစ်ကြသည့် သက်ဆိုင်ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးအုပ်စုအတွင်းရှိ ကျေးရွာများနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ တောင်သူများသည် (၆၆)ပေပတ်လည်၊ ၀.၁၀ ဧက စံကွက်အား ရိတ်သိမ်းခဲ့ကြသည်။ သဲကုန်းမြို့နယ်အတွင်း ယခုနှစ် မိုးစပါးစိုက်ပျိုးဧကပေါင်း (၈၂၆၁၀)ဧက လျာထားစိုက်ပျိုးထားကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)