ရေတာရှည် အောက်တိုဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် သန့်ရှင်းသာယာလှပရေးအတွက် စနစ်တကျ စည်းကမ်းဖြင့် အမှိုက်စွန့်ခြင်း၊ မလိုအပ်သည့် ခြုံနွယ်၊ သစ်ပင်များအား ရှင်းလင်းခြင်းများကို အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီအချိန်မှစတင်၍ မြို့နယ် ပြည်သူ့ဆေးရုံတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့် အဖွဲ့မှ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကာ ဌာနဆိုင်ရာများ၊ ဒေသခံတပ်ရင်းတပ်ဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပြည်သူများ စုစုပေါင်းအင်အား (၃၀၀)ဦးဖြင့် ပေါင်းမြက် ခြုံနွယ်၊ သစ်ကိုင်း၊ သစ်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များအား အမှိုက်ကားဖြင့် စွန့်ပစ်ခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ပြီး သန့်ရှင်းရေးပြုလုပ်သူများအား အဟာရဒါနများ လှူဒါန်းကျွေးမွေးခဲ့ကြကြောင်း သိရသည်။
ရေတာရှည်(ပြန်/ဆက်)