ရေဦး အောက်တိုဘာ ၁၄
ရွှေဘိုခရိုင် ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး မြို့နယ် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အောက်တိုဘာ ၁၃ ရက်နံနက် ၁၀ နာရီက လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေ၀င်းက “လူငယ်နှင့် အသိပညာ၊ လူငယ်နှင့် စာဖတ်ခြင်း အကြောင်းကို လည်းကောင်း”၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဒေါ်မေသက်လွင်စိမ်းက “လူငယ်နှင့်အားကစား၊ လူငယ်နှင့်ကျန်းမာရေး အကြောင်းအရာများကို လည်းကောင်း” အသိပညာပေး ဟောပြောခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်နှင့် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ဝင်တစား ကြည့်ရှုခဲ့ကြပြီး တက်ရောက်ကြသူများအား အချိုရည်နှင့် မုန့်များ ကျွေးမွေးခဲ့ကြောင်းသိရသည်။
သန်းသန်း (ရေဦး)