ရေနံချောင်း အောက်တိုဘာ ၁၄
မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ်ရှိ အဆင့်မြင့်ပညာဦးစီးဌာန ရေနံချောင်းတက္ကသိုလ်၌ ယခုနှစ် အဝေးသင်သင်တန်းများ လာရောက်ပညာသင်ယူကြသည့် ကျောင်းသား၊ ကျောင်းသူများ လက်ခံထားရှိသည့် ဘော်ဒါဆောင်များ၏ လုံခြုံရေး၊ မီးဘေးအန္တရာယ်နှင့် ကျောင်းသား၊ ကျောင်းသူဦးရေ ဝင်ဆံ့နိုင်သည့် ပမာဏထက် ကျော်လွန်ထားရှိခြင်းရှိ၊ မရှိ စစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများပူးပေါင်းအဖွဲ့က ကွင်ဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးဦးသန်းဌေးအောင်၊ မြို့နယ်ရဲတပ်ဖွဲ့ ဒုတိယမြို့နယ်ရဲမှူး မိုးညို၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မြိုနယ်ပညာရေးအဖွဲ့များ စသည့်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက သစ်တပွေရပ်ကွက်နှင့် ညောင်လှရပ်ကွက်တို့ရှိ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ၊ စာရေးဝန်ထမ်းများနှင့်အတူ ဘော်ဒါဆောင်ဖွင့်လှစ်လုပ်ကိုင်ခွင့်လိုင်စင်၊ ဘော်ဒါဆောင်လုံခြုံရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး၊ လျှပ်စစ်မီးအန္တရာယ်၊ ဘော်ဒါဆောင်ပတ်ဝန်းကျင်း သန့်ရှင်းရေး၊ ကျောင်းသား၊ ကျောင်းသူ ဝင်ဆံ့နိုင်မှု ပမာဏထက် ကျော်လွန်ထားရှိမှုမရှိစေရေး၊ ကျား/မရောထွေးထားရှိမှု မရှိစေရေး စသည့်ကိစ္စရပ်များကို စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)