အောင်လံ အောက်တိုဘာ ၁၄
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများသည် အောင်လံခရိုင် ပြလို့မြို့ စက်မှုစိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း (၃)ထပ်စာသင်ဆောင်အသစ် တည်ဆောက်နေမှုအား ယမန်နေ့မွန်းလွဲ ၃ နာရီခွဲအချိန်က ကြည့်ရှုစစ်ဆေးခဲ့သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဆောက်လုပ်ရေးတာဝန်ခံအား အဆိုပါ စက်မှုစိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်း (174’ × 32’)RC (၃)ထပ်စာသင်ဆောင် ဆောက်လုပ်နေမှုကို သတ်မှတ်စံနှုန်းများနှင့်အညီ ဆောက်လုပ်ရေး၊ အချိန်မှီပြီးစီးအောင်ဆောက်လုပ်နိုင်ရေးနှင့် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ဆက်)