မင်းဘူး အောက်တိုဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုသောအားဖြင့် ဗီနိုင်းပိုစတာများကပ်ခြင်းနှင့် လက်ကမ်းစာစောင်များ လိုက်လံဝေငှပေးခြင်း Campaign ကို ယမန်နေ့နံနက် ၉ နာရီက မြို့မဈေးနှင့် လမ်းဆုံ၊ လမ်းဂွ လူစည်ကားရာ နေရာများတွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မင်းဘူးမြို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်ကာ ပြည်သူများသိရှိစေရန် ဗီနိုင်းပိုစတာများကပ်၍ပြသခြင်း၊ လက်ကမ်းစာစောင်များ လိုက်လံဝေငှပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)