ခန္တီးမြို့နယ်၌ စာပေဆွေးနွေးပွဲပြုလုပ်

ခန္တီး အောက်တိုဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် တွင် လူငယ်များအား အတွေးအခေါ် မြင့်မား လာစေရန်၊ စကားပြောစွမ်းရည်များ ကြွယ်ဝလာစေရန်၊ လူမှုပေါင်းသင်းဆက်ဆံရေးကဏ္ဍများတွင် ပါဝင်ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ စာပေ ဆွေးနွေးပွဲ အား ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ဦးစီးအရာရှိ ဦးသီဟထက်အောင်က စာပေ ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာပေ ဆွေးနွေးပွဲအား ဆက်လက်ပြုလုပ်ရာ မစောမြတ်ကလျာက တစ်ကိုယ်ရည်သန့်ရှင်းမှု ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မဆွမ်းကဲက စာပေ၏တန်ဖိုး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်မောနယ်က မြန်မာ့ ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း အကျယ်တဝင့် ဆွေးနွေးခဲ့ကြရာ လိုအပ်သည်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ဒုတိယဉီးစီးမှူး ဒေါ်အေးအေးခန့်က ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)