ပုသိမ် အောက်တိုဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အိမ်တွင်းမှုသင်တန်းကျောင်းတို့ ပူးပေါင်း၍ မုန့်လုပ်နည်းသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ယဥ်ဆွေဝင်းက သင်တန်းကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပုသိမ်မြို့၊ အိမ်တွင်းမှုသင်တန်းကျောင်းမှ လက်ထောက်နည်းပြ ဒေါ်စန္ဒာဆွေဦးက မုန်လာဥနီဆနွင်းမကင်းပြုလုပ်ခြင်းအား သင်ကြားပြသကာ ပြုလုပ်ပုံအဆင့်ဆင့်အား လက်တွေ့ပြုလုပ်သင်ကြားပေးခဲ့ပြီး သင်တန်းသို့ မုန့်လုပ်နည်းစိတ်ပါဝင်စားသူ (၂၅)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
မြင့်ဟန်(ပြန်/ဆက်)