ထီးချိုင့်မြို့ လူထုအခြေပြုဗဟိုဌာနတွင် (Book Club)စာပေချစ်မြတ်နိုးသူများအသင်းဖြင့် စာဖတ်ဝိုင်း ကျင်းပ

ထီးချိုင့် အောက်တိုဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအ‌ခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ပါသည်။

အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ခိုင်က စာဖတ်ရှိန်မြှင့်တင်ရေးနှင့် မျိုးဆက်သစ်လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြတ်ဆရာပညာ‌ရေးစာစုများစာအုပ်မှ ချစ်စံဝင်းရေးသားထားသော အကျင့်စာရိတ္တကောင်းမွန်ရေး‌ ဆောင်းပါးကိုဖတ်ကြားခဲ့ပါသည်။

ဆက်လက်၍ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဥက္ကဋ္ဌ ထီးချိုင့် (ခင်မောင်ရွှေ)၊ ဆရာဦးအေးကို(အေးကိုသက်)၊ ဆရာမဒေါ်မြင့်မြင်သန်းနှင့် ဆရာမဒေါ်စန်းစန်းနွယ်တို့က အသီးသီးဆွေးနွေးသွားခဲ့ကြပြီး စာပေချစ်မြတ်နိုးသူများအသင်းနာယက မောင်ချစ်‌ထွေး(မဟာဝိဇ္ဇာ) နိဂုံးချုပ်အမှာစကားပြောကြားခဲ့ရာ စာဖတ်ဝိုင်းဆွေး‌နွေးပွဲကို တက်‌ရောက်လာသည့် ကျောင်းသား/ကျောင်းသူများကလည်း သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။

ရဲလင်းထွန်း(ထီးချိုင့်)