ရေတာရှည် အောက်တိုဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း စစ်တောင်းမြစ်ရေမြင့်တက်လာခြင်းနှင့် ဆွာချောင်းရေလှောင်တမံရေကျော်နေမှုများကြောင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်စီမံခန့်ခွဲနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယမန်နေ့ နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းက ရေတာရှည်မြို့နယ်အတွင်း စစ်တောင်းမြစ်ရေဝင်ရောက်မှု အခြေအနေများ၊ ဆွာဆည်ရေပိုလွဲမှ ရေကျော်ကျမှုအခြေအနေများ၊ ယခုထက်ပိုမို၍ မြစ်ရေဝင်ရောက်လာပါက ကြိုတင်ကာကွယ်ရေးအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
ရေတာရှည်(ပြန်/ဆက်)