ပုလောမြို့နယ်၌ ယူရီးယားဓာတ်မြေဩဇာကို ဈေးနှုန်းချိုသာစွာဖြင့် ဒုတိယအကြိမ် ဖြန့်ဖြူးရောင်းချပေး

ပုလော အောက်တိုဘာလ ၁၄                       

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ယူရီးယားဓာတ်မြေဩဇာကို  ဈေးနှုန်းချိုသာစွာဖြင့် ယမန်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ဒုတိယအကြိမ် ဖြန့်ဖြူးရောင်းချခဲ့ကြောင်း သိရသည်။

အဆိုပါ ယူရီးယားဓာတ်မြေဩဇာကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခြင်းအခမ်းအနားကို ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးက တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ပုလောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအေးဝင်းက ယူရီးယားဓာတ်မြေဩဇာကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းခဲ့သည်။

ပုလောမြို့နယ်တွင် ယူရီးယားဓာတ်မြေဩဇာများကို ဒုတိယအကြိမ် ဖြန့်ဖြူခြင်းဖြစ်ကြောင်း၊ ပထမအကြိမ်တွင် အိတ်ရေ (၁၅၀) ၊ ဒုတိယအကြိမ်တွင် အိတ်ရေ (၁၇၀) စုစုပေါင်း အိတ်ရေ (၃၂၀)ကို မိုးစပါးစိုက်ပျိုးသူတောင်သူများကို ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အေးအေးမော်(ပုလော)