သရက် အောက်တိုဘာ ၁၃
မကွေးတိုင်းဒေသကြီး သရက်မြို့၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံရှုံးနိုင်ခြေ လျော့ချရေးရေးနေ့ အထိမ်းအမှတ် ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေဘေး၊ မီးဘေး၊ လေဘေး၊ မိုးကြိုးဘေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၈)နာရီက အနောက်ဈေးလေးနှင့် မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးရာတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်စီပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ ပူးပေါင်း၍ ဈေးရောင်း၊ ဈေးဝယ် ပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးရာတွင် မီးဘေးအတွက် ကြိုတင်ပြင်ဆင်ရန် မီးငြိမ်းပြီးပါက ပြုလုပ်ရန် အချက်များ၊ မီးလောင်မှု ဖြစ်ပွားသည့် ပုံစံနှင့် မီးငြိမ်းသတ်ရန် နည်းလမ်းများ၊ ရှောင်ရှားသင့်သည့် အချက်များ၊ မီးလောင်နေစဉ်တွင် လိုက်နာရန် အချက်များ၊ မီးလောင်နေစဉ်တွင် ရှောင်ရှားသင့်သည့်အချက်များနှင့် ရေဘေး၊ လေဘေး၊ မိုးကြိုးဘေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)