အုတ်ဖို အောက်တိုဘာ ၁၃
အယ်နီညိုရာသီဥတုဖြစ်စဉ်အပေါ် စိုက်ပျိုးရေးကဏ္ဍကြိုတင်ဆောင်ရွက်နိုင်ရေးအတွက် တောင်သူအသိပညာပေးဆွေးနွေးပွဲကို သာယာဝတီခရိုင်၊ အုတ်ဖိုမြို့၊ မြို့တော်ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုဝင်းက အယ်နီညိုရာသီဥတုနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးရာ ပုံမှန်မဟုတ်သည့် မိုးလေဝသဖြစ်စဉ်ကြောင့် သီးနှံများပျက်စီးဆုံးရှုံးမှု၊ ထွက်နှုန်းအရည်အသွေးကျဆင်းမှု မဖြစ်စေရန်အတွက် ကြိုတင်ဆောင်ရွက်ကြရန်၊ စိုက်ပျိုးသီးနှံများပန်းတိုင် အထွက်နှုန်းရရှိစေရန် သက်လျင်အထွက်ကောင်းမျိုးများအသုံးပြုခြင်း၊ ရေငတ်ဒဏ်အပူဒဏ်ခံနိုင်သည့်မျိုးများစုဆောင်းအသုံးပြုခြင်း၊ စက်ကိရိယာကြိုတင်ပြင်ဆင်ခြင်း၊ အချိန်နှင့်တစ်ပြေညီရိတ်သိမ်းခြွေလှေ့ခြင်း၊ ရေကိုအလေအလွင့်နည်းအောင်အသုံးပြုခြင်း၊ နွေစပါးသက်တမ်းတိုမျိုးများစိုက်ပျိုးစိုက်ပျိုးခြင်း၊ ရေမြောင်းစနစ်ဖြင့်စနစ်တကျအသုံးပြုခြင်း၊ စိုတစ်လှည့်ခြောက်တစ်လှည့်စနစ်များဖြင့်စိုက်ပျိုးခြင်း၊ ပိုးမွှားရောဂါကြိုတင်ကာကွယ်ခြင်းနှင့် မြေဆီလွှာဖွံ့ဖြိုးရေးလုပ်ငန်းများကိုဆောင်ရွက်ကြရန် အသိပညာပေးဆွေးနွေးသည်။
ထို့နောက် အခမ်းအနားတက်ရောက်လာသည့် တောင်သူများမှ သိလိုသည်များကို ဆွေးနွေးတင်ပြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)