အမာမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်၊ (ပ)နှစ်ဝက်ဆုံး တတ်‌မြောက်မှုစစ်‌ ဆေးခြင်းစာမေးပွဲ မြန်မာစာဘာသာရပ်ကို ‌စတင်ဖြေဆို

အမာ အောက်တိုဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂-၂၀၂  ပညာသင်နှစ် (ပ)နှစ်ဝက်ဆုံး တတ်မြောက်မှုစစ်ဆေးခြင်းစာမေးပွဲ မြန်မာစာဘာသာကို ယနေ့နံနက် ၉ နာရီမှ စ၍ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

စာမေးပွဲ ဖြေဆိုရာတွင် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၄၈)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၃၆၈)ဦး၊ မူလတန်းအဆင့် (Grade-4, Grade-5) ကျောင်းသား၊ ကျောင်းသူ (၁၄၀)ဦး ဖြေဆိုကြပြီး စာမေးပွဲဖြေဆိုခြင်းကို  အောက်တိုဘာလ (၁၃)ရက်မှ (၂၀)ရက်ထိ ဖြေဆိုရမည်ဖြစ်ကြောင်း ကျောင်းသား၊ ကျောင်းသူများ  စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ချယ်ရီထွန်း၏ ကြီးကြပ်မှုဖြင့် ဆရာ၊ ဆရာမများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အမာ(ပြန်/ဆက်)