အမာ အောက်တိုဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့် ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၁)နာရီအချိန်က စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက် လက်ထောက်-၃ (အင်အားပြ) နော်အေးအေးသက်က စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားထားသည့် “တန်ဖိုးရှိလှလူငယ်ဘဝ” စာအုပ်တွင်ပါရှိသော တန်ရာတန်ကြေး ဆောင်းပါးမှ ခေါင်းဆောင်မှုနှင့်စီမံခန့်ခွဲမှု အကြောင်းကို ဦးဆောင်ဖတ်ကြား ဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်း တက်ရောက်လာကြသော စာအုပ်စာစောင် ချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များကလည်း မိမိတို့စိတ်ကြိုက် ဗဟုသုတရစေမည့် ဆောင်းပါးများကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ထို့နောက် ရုံးရှေ့ နံရံကပ်စာစောင်များတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး နံရံကပ် စာစောင်များ၊ လူကုန်ကူးမှုအန္တရာယ်နှင့်သက်ဆိုင်သော အသိပညာပေး နံရံကပ် စာစောင်များကို ပြသထားရာ စာဖတ်သူများက စိတ်ပါဝင်စားစွာလေ့လာ ကြည့်ရှုခဲ့ကြသည်။
အမာ(ပြန်/ဆက်)