မင်းလှ အောက်တိုဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ မြို့နယ်စာရေးဆရာအသင်းနှင့် (Women Club) အဖွဲ့တို့ပူးပေါင်း၍ အမွေခံတစ်ယောက် အမွေပေးသူတစ်ရာစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နေ့လယ် ၂ နာရီအချိန်က ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာအောင် က အမှာစကားပြောကြားပြီး၊ မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ သမုတိမျိုးမြင့်က အမွေခံတစ်ယောက် အမွေပေးသူတစ်ရာစာအုပ်မှ မောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် လူငယ်တွေအတွက် လူကြီးတွေပြင်ဆင်သင့်တဲ့ အရာများအကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့ရာ (Women Club) အဖွဲ့ဝင်များက အပြန်အလှန်ဆွေးနွေးကြကြောင်း သိရသည်။
ပေါက်စ(မင်းလှ)