ဝေါမြို့၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကျင်းပ

ဝေါ    အောက်တိုဘာ    ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရန် ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် နှုတ်မှုစွမ်းရည်များ တိုးတက်မြင့်မားလာစေရန်နှင့် တစ်ဦးနှင့်တစ်ဦး အသိပညာများ၊ အတတ်ပညာများ ဖလှယ်နိုင်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲ ၁:၀၀ နာရီတွင် ဝေါမြို့အခြေခံပညာအလယ်တန်းကျောင်း အောက်ကွေ့ကြီး၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းအောင် က အဖွင့်အမှာစကားပြောကြားပြီး ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင် က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာဝင်း က Moderator အဖြစ် ဆောင်ရွက်ပေးပြီး  အခြေခံပညာအလယ်တန်းကျောင်း အောက်ကွေ့ကြီးမှ ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် Grade-9 မှ မမေဇင်အောင် က အချိန်နှင့်ဒီရေသည် လူကိုမစောင့်ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-8 မှ မောင်နိုင်လင်းဝေက ကျောင်းသားလူငယ်နှင့် မျိုးချစ်စိတ်ဓာတ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-8 မှ မဖူးပြည့်ခိုင်က  စည်းကမ်းသည် လူ့တန်ဖိုးခေါင်းစဉ်ဖြင့် လည်ကောင်း၊ Grade-4 မှ မောင်မင်းသော်ထက်က ကျွန်ုပ်လေးစားအားကျရသော ပုဂ္ဂိုလ်တစ်ဦးခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-8 မှ မအိမြတ်ချယ်ရီက ရည်မှန်းချက်ပန်တိုင် ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးပေးသည်။

ယင်းနောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာ ဦးဆောင်ဆွေးနွေးသူများမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

ဆက်လက်၍ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်များအား တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာမှတ်သားကြကြောင်း သိရသည်။

အောင်မြတ်လင်း(ပြန်/ဆက်)