ရွှေတောင်မြို့နယ် Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club (မုဒိတာ) အဖွဲ့ဝင်များ စာဖတ်ဝိုင်းကျင်းပ

ရွှေတောင်  အောက်တိုဘာ  ၁၃

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာရေးဆရာကြီး အောင်သင်း၏ “ခေတ်သစ်ကမ္ဘာအတွက် ပညာ‌ရေးနှင့် စာရိတ္တပျိုးထောင်မှု" စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက်ပိုင်းက စာရေးဆရာကြီး အောင်သင်း၏ "ခေတ်သစ်ကမ္ဘာအတွက်ပညာရေးနှင့် စာရိတ္တပျိုးထောင်မှု" စာအုပ်ဖြင့် မုဒိတာစာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ စာရေးဆရာမ ဒေါ်ခင်ယုနိုင် (ဧပရာယ်ယုနိုင်)က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တက်ရောက်လာသူများအား စာပေကိုမြတ်နိုးတန်ဖိုးထားတတ်ပြီး  စာဖတ်သည့်အလေ့အကျင့်ကောင်းများ မွေးမြူကြရန်နှင့် မျိုးဆက်သစ် စာရေးဆရာများ ပေါ်ပေါက်လာစေရန်ရည်ရွယ်၍  စာဖတ်ဝိုင်းများကို လစဉ်ပုံမှန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းသန့် က စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသော စာပေချစ်မြတ်နိုးသူများကစာရေးဆရာကြီး အောင်သင်း၏ "ခေတ်သစ်ကမ္ဘာအတွက်ပညာရေးနှင့်စာရိတ္တပျိုးထောင်မှု" စာအုပ်ပါ "ခေတ်သစ်ကမ္ဘာအတွက်ပညာရေး" ခေါင်းစဉ်ပါ အကြောင်းအရာများကို ဆရာကြီး ဦးအုန်းမောင် မောင်အေးငြိမ်း(သရက်)ကလည်းကောင်း၊ "ပညာရေးနှင့်စာရိတ္တပျိုးထောင်မှု" ခေါင်းစဥ်ပါ အကြောင်းအရာများကို ဆရာကြီး ဦးကြည်ညွန့် (အောင်ပြည့်စုံ)ကလည်းကောင်း ဆွေးနွေးကြရာ တက်ရောက်လာသူများက ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)