ဝါးခယ်မ အောက်တိုဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ရွှေခယ်သီရီခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဘိုးဘွားများတက်ရောက်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်မှ သက်ကြီးဘိုးဘွားပင်စင်ငွေ ထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်အတွင်း အသက်(၈၅)နှစ်နှင့်အထက် အဘိုး (၃၃၄)ဦး၊ အဘွား(၅၆၀) ဦး စုစုပေါင်း(၈၉၃)ဦးအား တစ်ဦးလျှင် (၃၀၀၀၀)ကျပ်နှုန်းဖြင့် ငွေကျပ်စုစုပေါင်း (၂၆၈၂၀၀၀၀) ကျပ်သိန်း ထောက်ပံ့ပေးအပ်ခဲ့ပြီး သက်ကြီးဘိုးဘွားများ ကိုယ်စား အဘိုးတစ်ဦးမှ ကျေးဇူးတင်စကားနှင့် ဆုပေးစကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)