မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ကွင်းဆင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ ကျင်းပ

မင်းဘူး အောက်တိုဘာ  ၁၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ရွှေရောင်တော်နှင့် ကျောက်စံကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)များတွင် လူငယ်အသိပညာပေးဟောပြောပွဲကို အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မင်းဘူး(စကု)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်က အဖွင့်အမှာစကား ပြောကြားပြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝါဝါလှိုင်က ကျောင်းသား၊ ကျောင်းသူလေးများအား ကျောင်းစာများအပြင် ပြင်ပဗဟုသုတရရှိစေမည့် သုတရသ စာပေများကိုလည်း များများဖတ်ကြရန်နှင့် စာဖတ်ခြင်းကြောင့် ဉာဏ်ရည်၊ ဥာဏ်သွေးများ မြင့်မားကာ အကျိုးအကြောင်း အဆိုးအကောင်းနှင့် အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်သော ပညာတတ် လူရည်လူမွန်များ ဖြစ်လာကြမှာဖြစ်ကြောင်းတို့ကို ပြောကြားပြီး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများက မိမိတို့၏ ဌာနအလိုက်  အသိပညာပေးကဏ္ဍများကို အသီးသီး ဟောပြော ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးကာ အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 ဇေယျာထက်(မင်းဘူး)