ကျောက်ကြီးမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးဝန်ထမ်းများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

ကျောက်ကြီး  အောက်တိုဘာ  ၁၃

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဥ်ဖြင့် ထောက်ပံ့ပေးသည့် အခြေခံစားသောက်ကုန်များအား ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ယမန်နေ့နေ့လယ် ၂ နာရီအချိန်ခန့်က ကျောက်ကြီးမြို့ပေါ်တွင် လက်ရှိနေထိုင်ပြီး ရုံးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိသော ဌာနဆိုင်ရာဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ပေးအပ်မှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် ကျောက်ကြီးမြို့ပေါ်တွင် လက်ရှိတာဝန်ထမ်းဆောင်နေသော ဌာနဆိုင်ရာရုံးဝန်ထမ်း (၄၂၈)ဦးအား ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွက် စုစုပေါင်း ဆန် (၁၅၀)အိတ်၊ ဆီ (၃၀၀)ပိဿာ၊ ဆား (၁၂၀)ပိဿာ၊ ကုလားပဲ (၆၆၀)ပိဿာ၊ ကြက်သွန်နီ (၁၅၀)ပိဿာ စသည့်အခြေခံစားသောက်ကုန် အမယ်(၅) မျိုးအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)