ကျောင်းကုန်းမြို့၌ စာဖတ်ရှိန်မြင့်မားစေရေး စာဖတ်ဝိုင်းကျင်းပ

ကျောင်းကုန်း အောက်တိုဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန် မြင့်မားစေရေးအတွက် ယနေ့ နံနက် ၁ဝ နာရီခွဲအချိန်ခန့်က စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းကို ချစ်နိုင်(စိတ်ပညာ)၏ "ခေါင်းဆောင်မှုအတွေး၏ အရေးပါမှု" စာအုပ်ဖြင့် Book Club အဖွဲ့ဝင် ဦးအောင်ဝင်းက ပညာနှင့် တူသော အလင်း၊ လူငယ်နှင့် ပညာ ရေး၊ အတွေး၏ အရေးပါမှု အစရှိသည့် ခေါင်းစဉ်များဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြသည်။

စာဖတ်ဝိုင်းသို့ Book Club အဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ကြပြီး ပြန်/ဆက်ရုံးရှိ စာကြည့်တိုက်၌ ခင်းကျင်းပြသထားသည့် သုတ/ရသစာအုပ်များ လေ့လာ ဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)